မယ်ချို-အပိုင်း ၅
အခုလိုမတရားလုပ်နေတာတွေကို ရေချမ်းနဲ့မယ်ချိုတို့မောင်နှမက ဒီတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ ဦးဘထွန်းပြောလိုက်တဲ့စကားကို ဦးတွတ်နီက လှောင်ပြောင်ရယ်မောလိုက်ပြီး သူကဘယ်သူ့ကိုမှဂရုမစိုက်တာကြောင့် အဲ့ဒီစိုက်ခင်းမှာ တစ်ယောက်တည်း သွားအိပ်ပြမယ် တစ်ရွာလုံးပါးစပ်ပေါက်တွေပိတ်သွားအောင် လုပ်ပြမယ်လို့ စိန်ခေါ်လိုက်ပါတော့တယ်။