
မေတ္တာခွန်အား
ဂင်ထယ်ယောင်းမှာ ဟန်ရှင်းဆေးရုံတွင် နှစ်ကြီးဆရာဝန်အဖြစ် တာဝန်ကျလုပ်ဆောင်နေသူဖြစ်ပြီး လူချမ်းသာ၊ အထက်တန်းစားပုဂ္ဂိုလ်များကို မျက်နှာလိုမျက်နှာရဆက်ဆံတတ်သည့် ငွေမက်သူ ပိုက်ဆံကြမ်းပိုးဟု နာမည်ပြောင်ရထားသူဖြစ်သည်။ ဂင်ထယ်ယောင်းတွင် ဆိုယောင်းဟူသော ညီမတစ်ယောက်ရှိပြီး ကျောက်ကပ်ရောဂါဝေဒနာခံစားနေရကာ ဆေးသက်ဖြင့် အသက်ရှင်နေရရှာသူဖြစ်သည်။ ဂင်ထယ်ယောင်းမှာ ညီမလေးအတွက် ပိုက်ဆံရှာရသောကြောင့် အပြင်အချိန်ပိုင်းအလုပ်အဖြစ် လူမိုက်များကို ဆေးကုသပေးသည့် အလုပ်ကို လုပ်ကိုင်နေရရှာသည်။ ထိုလူမိုက်များကြားတွင် ဂင်ထယ်ယောင်းသည် နတ်ဆေးဆရာ(ယုံဖား)ဟု အမည်ကျော်ကြားသည်။ ယုံးဖားကုလိုက်ပါက သေသူမရှိ အားလုံး ပြန်ကောင်းမွန်သည်ဟု နာမည်ကြီးသောကြောင့် လူမိုက်များအားကိုးရာလည်းဖြစ်သည်။ သုံးနှစ်ကြာပိတ်လှောင်ခံခဲ့ရသော ဟန်ယောဂျင်းကို ကုသပေးရင်း သနားကရုဏာသက်သွားသည့် ဒေါက်တာဂင်ထယ်ယောင်း၊ ချစ်သူကိုဆုံးရှုံးခဲ့ရပြီး မျှော်လင့်ချက်ဆုံးရှုံးခဲ့ရာမှ ဂင်ထယ်ယောင်းကြောင့် မျှော်လင့်ချက်အလင်းရောင် ပြန်သန်းလာပြီး အသက်ရှင်ရန်လမ်းစကို ရှာဖွေတွေ့သွားသည့် ဟန်ယောဂျင်းတို့၏ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားပြီး အမျက်ကြီးသော မိန်းမလှ၏အငြှိုးတကြီးတုံ့ပြန်မှုတို့ကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားသော ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါသည်။မိမိပိုင်ဆိုင်မှုမဟုတ်သည်ကို လောဘမတတ်သင့်ကြောင်း၊ ရန်ကိုရန်ချင်း မတုံ့နှင်းသင့်ကြောင်း စသည်တို့ကိုလည်း ပညာပေးထားသော ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။
