Mountains
အချစ်ရဲ့ဂုဏ်သိက္ခာ

The Legend ကုမ္ပဏီဥက္ကဋ္ဌဖြစ်သည့် ခွန်ချို့ချိုင်းသည် သားများဖြစ်သည့် ခွန်ကျချိုင်းနှင့် ခွန်ရွတ်ချိုင်းတို့ကို ဌာနတစ်ခုစီခွဲဝေအုပ်ချုပ်ခိုင်းသည်…ခွန်ရွတ်ချိုင်းက Marketing Department ကိုအုပ်ချုပ်ပြီး ခွန်ကျချိုင်းမှာ အကြီးဖြစ်သည့်အပြင် ဒုဥက္ကဌနေရာကနေဦးဆောင်ပြီး စွမ်းဆောင်ရည် အားကောင်း သည့် VIP အဖွဲ့ကိုထောင်ထားကာ ကုမ္ပဏီ၏ ဝင်ငွေအများစုကို VIP အဖွဲ့ကနေ ရှာပေးစေခဲ့သည်...ခွန်ကျချိုင်း၏ လက်ထောက်မှာ VIP အဖွဲ့၏ခေါင်းဆောင် ဖတ်ဖြစ်ပြီး အဖွဲ့ဝင် ရိင်နှင့်ဖတ်မှာ လင်မယားဖြစ်သည်...ရိင်သည် ထက်မြက်သည့်မိန်းမသားတစ်ဦးဖြစ်သလို အဖွဲ့ကိုလည်း ကောင်းစွာ ဦးဆောင်နိုင်သည်...ဖတ်နှင့်ရိင်သည် လူတိုင်း အားကျရသည့် စုံတွဲဖြစ်သည်...သို့သော် တစ်နေ့တွင် ဖတ် ဖောက်ပြန်နေသည့်အကြောင်းကို ရိင်ထံ စာတစ်စောင် ရောက်လာရာက သူတို့ဘဝများ ပျက်စီးသွားတော့သည်...