
နှလုံးသားဖြင့် လင်းတဲ့ကြယ်
ဂိုဂူလျောရဲ့ အနောက်ဘက်မှာရှိတဲ့ ဟူယောင်းတိုင်းပြည်ဟာ ခေတ်အဆက်ဆက် ဂိုဂူလျောသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။ ဟူယောင်းဘုရင်မိုယုံးဆူက သားဖြစ်သူ ဟူယောင်းအိမ်ရှေ့စံ မိုယုံးဘိုကို စီမံခွင့်အကုန်အပ်နှင်းကာ ဂိုဂူလျောကို တိုက်ခိုက်ချေမှုန်းစေခဲ့သည်။ ဂိုဂူလျောတွင် မြောက်ပိုင်းစစ်နတ်ဘုရားလို့ခေါ်တွင်ရလောက်တဲ့ ဓားဘုရင် ဂိုဒမ်းဒေါ့ရှိနေခဲ့သည်။ ဒမ်းဒေါ့မှာ ဂိုဂူလျောဘုရင်၏ ဒုတိယမြောက်သားတော်ဖြစ်ပေမဲ့ တိုင်းပြည်အတွက် စစ်သူကြီးဘဝကို ရွေးချယ်ကာ ယိုဒုံးခံတပ်မြို့တွင်သာ ဘဝကိုဖြတ်သန်းလျက်ရှိသူဖြစ်သည်။ ဒမ်းဒေါ့မှာ ယိုဒုံးခံတပ်မြို့သို့ အကြိမ်ကြိမ်ကျူးကျော်လာသည့် ဟူယောင်းဘုရင်နှင့် အိမ်ရှေ့စံ မိုယုံးတို့အား နည်းပရိယာယ်ကြွယ်ဝစွာဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။ တစ်ကြိမ်တွင် မိုယုံးဘိုအား အရှင်လက်ရဖမ်းဆီးမိခဲ့သော်လည်း ဟူယောင်းဘက်တွင် ဖမ်းဆီးခံထားရသည့် ဂိုဂူလျောတပ်သားများ၏ အသက်အားငဲ့ကာ လွှတ်ပေးလိုက်ရသည့်အဖြစ်လည်းရှိခဲ့သည်။ တွေ့ကြုံလာရမည့်တိုင်းပြည်ရေး ပရိယာယ်များ နန်းတွင်းအရေးကိစ္စများ ပြည်ပကျူးကျော်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း ဂိုဂူလျော၏ ရှင်ဘုရင်နေရာထိ ဒမ်းဒေါ့တစ်ယောက်ရောက်ရှိသွားနိုင်မှာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါသည်။