
ချစ်သူရေးတဲ့ ဖူးစာ
ဘယ်လ်ဝမ့်ရှာမာနဲ့ ဒန်ရာ့ဂျ်ချော့ဒရီတို့ဟာ အိမ်နီးချင်း ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့ရဲ့ဇနီးတွေဖြစ်တဲ့ အင်ဒရာနီနဲ့ ဆာရော့ချ်တို့ကလည်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ သားသမီးတွေဖြစ်ကြတဲ့ ကန်ဟာနဲ့ ဆာယူရီတို့ကြားက ရန်ပွဲတွေကြောင့် ဆာရော့ချ်ဟာ ရှာမာမိသားစုအပေါ် အမြင်စောင်းလာပြီး ဘယ်လ်ဝမ့်က ဒန့်ရာ့ဂျ်ပေါ် စီးပွားရေးအကျိုးမြတ်တစ်ခုတည်းအတွက် ပေါင်းသင်းနေတာလို့ မြင်လာပြီး ဘယ်လ်ဝမ့်ဆီကနေ စီးပွားရေး တစ်ဝက်ခွဲပေးဖို့ပြောလာခဲ့ပါတယ်။ ဒီကိစ္စကြောင့် အင်ဒရာနီက ဆာရော့ချ်ကို ရိုက်လိုက်မိတဲ့အတွက် သူတို့ကြားက ရန်ငြိုးတွေ ပိုပြိး ကြီးထွားလာပါတော့တယ်။ အဲဒီရန်ပွဲတွေကြားမှာမှ ဆာယူရီနဲ့ ချော့ဒရီရဲ့ သားအကြီးဆုံး ချီရုတို့က သူတို့ချစ်ကြိုက်နေကြပြီး လက်ထပ်ဖို့အတွက် တိုင်ပင်နေတယ်ဆိုတာ နှစ်ဖက်မိသားစုတွေကို အသိပေးလိုက်ကြတယ်။ နှစ်ဖက်မိဘတွေက မကျေနပ်ပေမဲ့ လက်ထပ်ပွဲကိုတော့ ကျင်းပပေးခဲ့ကြတယ်။ ချီရုနဲ့ လက်ထပ်ဖို့လုပ်ထားတဲ့ ဆာယူရီဟာ ကံကြမ္မာအလှည့်ပြောင်းမှာ ကန်ဟာနဲ့ လက်ထပ်လိုက်ရတဲ့အခါမှာတော့ တစ်ချိန်ကသိပ်ချစ်ကြတဲ့ သူငယ်ချင်းမိသားစုနှစ်စု အရင်လိုပြန်တည့်သွားကြမလား ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုဇာတ်လမ်းတွေ ထပ်ကြုံရဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။