ဂျောင်ဂယောအူးဟာ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ နမ်ယူဂျင်းနဲ့အတူ အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးကို မျှော်လင့်နေတဲ့ သာမန်အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူဟာ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဂျူအယ်ရာနဲ့ ဖောက်ပြန်နေတာကို သိသွားတဲ့အခါမှာတော့ စိတ်ဓာတ်ပြိုလဲသွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သစ္စာဖောက်မှုကြောင့် စိတ်ဓာတ်ကျနေတဲ့ ဂျောင်ဂယောအူးဟာ မျှော်လင့်မထားတဲ့ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံကို ဆုံးရှုံးလိုက်ရပြီး ဒုက္ခိတဘဝဖြစ်သွားခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာတဲ့ အိုဆဲရင်းဟာ တခြားသူတွေကို အလွယ်တကူ မယုံကြည်တတ်တဲ့ သွေးအေးပြီး မာနကြီးတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီး ဂျောင်ဂယောအူးနဲ့ ပူးပေါင်းကာ နှစ်ယောက်အတူတူ အမှန်တရားတွေကို စတင်ဖော်ထုတ်ကြပါတော့တယ်။ တဖြည်းဖြည်းနဲ့ ကျန်းမာရေး ပြန်ကောင်းလာတဲ့ ဂျောင်ဂယောအူးတစ်ယောက် သူမရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူတွေကို အိုဆဲရင်းနဲ့အတူတူ ဘယ်လိုမျိုး လက်စားချေသွားမလဲဆိုတာကို ရသမြောက်စွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်ပဲ ဖြစ်ပါတယ်။