
အိပ်မက်များဆီသို့
တက္ကသိုလ်ကျောင်းသား ဘဝကတည်းက ပေါင်းသင်းလာကြပြီး ဂျူနီယာများအကြားတွင် စတားဖြစ်ခဲ့သော အတ်ထဖွန်(အတ်) ၊ တေ့ ၊ ချေ့တမ် ၊ နစ် ၊ ဂျတ် သူငယ်ချင်း၅ယောက်...ကျောင်းမှာစာတော်တဲ့ကျောင်းသားဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အလုပ်ကြိုးစားသဖြင့် နေရာကောင်းရထားသော်လည်း ရုတ်တရက် ပြင်းထန်သော ဝေဒနာခံစားရတဲ့အတွက် မိမိ၏မူလရည်မှန်းချက်ဖြစ်သော စာရေးဆရာဖြစ်လိုသည့် အိပ်မက်ကိုအကောင်အထည်ဖော်မည့် အတ်...လူအများ၏ ဝေဖန်မှုကို ကြောက်ကာကိုယ့်ကိုကိုယ်ယုံကြည်ချက်နည်းသော်လည်း ရုပ်ရှင်ဒါရိုက်တာဖြစ်လိုသည့် အတ်၏ ရည်စားဟောင်း တေ့...ကျောင်းသားဘ၀ကတည်းကအဖွဲ့ထဲတွင် အဟော့ဆုံးဖြစ်ကာ ရည်းစားများပြီး သူဌေးကတော် ဖြစ်လိုတဲ့ ချေ့တမ်...အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လိုတဲ့ နစ်...မိဘများက ရွှေဆိုင်လုပ်ငန်းကို ဦးစီးစေချင်သော်လည်း Hair Stylist ဖြစ်လိုတဲ့ ဂျတ်...သူငယ်ချင်း၅ဦးရဲ့ အခက်အခဲ အတားအဆီးအမျိုးမျိုးကြားမှ မိမိတို့၏ရည်မှန်းချက်ပန်းတိုင်များဆီ ချဉ်းကပ်ပုံကို ဒီဇာတ်လမ်းတွဲလေးမှာ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်...