Mountains
မြွေမင်းသားလေး အာဂျွန်

လူသားများနှင့် မြွေများအတူယှဉ်တွဲနေထိုင်သော ကမ္ဘာကြီးတွင် ရိုးသားကြိုးစားပြီး ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းနေသော မွေးစားသားလေး Arjun အတိတ်ကဖြစ်ရပ်တွေကြောင့် ကံကြမ္မာက တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတယ်။ ထူးခြားစွမ်းအင် ပိုင်ဆိုင်ထားတဲ့ Arjun ကို အဖေရင်းဖြစ်သူ Arstika နဲ့ အကိုဖြစ်သူ Shankhachurna တို့ဟာ သူတို့ရဲအလိုလောဘတွေကြောင့် ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားလာပါတော့ယ်။ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခက်အခဲတွေကို Arjun နဲ့ သူရဲ့ချစ်ရသူ Noori တို့ဟာ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲ။ ပုံစံမျိုးစုံနဲ့ စမ်းသပ်နေတဲ့ အမှောင်အင်အားစုတွေရဲ့ အနှာက်အယှက်တွေကို ရင်ဆိုင်ပြီး ချစ်ရသူတွေကာကွယ်ဖို့ ကြိုးစားတဲ့ Arjun ရဲ့ဆန္ဒက တကယ်ဖြစ်လာမလား။ အတိတ်က အရိပ်မဲတွေနဲ့ အနာဂတ်ရဲ့ မရေရာမှုတွေကြားမှာ သဘာ၀လွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ Arjun တစ်ယောက်ဆင်းရဲ ဒုက္ခတွေကို ဘယ်လို စွန့်လွှတ်အနစ်နာခံပြီး သူ့ရဲ့ ခံယူချက်နဲ့တရားမျှတမှုအတွက် တိုက်ပွဲ၀င်သွားမလဲဆိုတာကိုစိတ်၀င်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။