
ချစ်သူ့တိုင်းပြည်သို့
အိန္ဒိယကိုသွားဖို့တခါမှ မတွေးခဲ့ဖူးတဲ့ အဝတ်အစားဒီဇိုင်နာလောကမှာ နာမည်ကြီးကျွမ်းကျင်သူ နွန်နမ်ကဲဝိုဟာ ညီမဖြစ်သူရဲ့ လက်ထပ်ပွဲကြောင့် အစီအစဉ်မရှိဘဲ အိန္ဒိယနိုင်ငံကို မဖြစ်မနေသွားရတော့မယ့်အခြေအနေဖြစ်လာခဲ့ပါတော့တယ်...အကြောင်းအရင်းကတော့ ညီမဖြစ်သူ နိရာပတ်ဟာ မန္တရာပူရတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ချိုင်းရထတ်နဲ့ လက်ထပ်မှာဖြစ်တဲ့အတွက် ညီမဖြစ်သူကိုစောင့်ရှောက်ဖို့အတွက် မိဘများက စေလွှတ်လိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်...အရာအားလုံးက အစီအစဉ်အတိုင်း အဆင်ပြေနေခဲ့ပေမယ့် လက်ထပ်ပွဲကို သဘောမတူတဲ့ မိဖုရား စစီပရာဖိုင်က နိရာပါတ်ကို ချွေးမအဖြစ်လက်မခံချင်တဲ့အတွက် နည်းမျိုးစုံနဲ့တားမြစ်ဖို့ကြိုးစားခဲ့ပါတယ်... တိုင်းပြည်ရဲ့ရတနာလျို့ဝှက်ချက်တွေရှိနေတဲ့ မန္တရာပူရတိုင်းပြည်ကို ရောက်နေတဲ့ နွန်နမ်ကဲဝိုဟာ မကြာခဏဆိုသလို ထူးဆန်းတဲ့အိပ်မက်တွေ ဖြစ်ရပ်တစ်ချို့တွေနဲ့စတင်ကြုံတွေ့ခဲ့ရပါတော့တယ်...ပဟေဌိဆန်တဲ့ အဖြစ်အပျက်တွေကိုကြုံတွေ့နေရတဲ့ နွန်နမ်ကဲဝိုက မန္တရာပူရတိုင်းပြည်မင်းကြီးနဲ့ မျိုးနွယ်ဝင်တွေယုံကြည်ထားတဲ့ ရတနာလျှို့ဝှက်ချက်တွေနဲ့ဘယ်လိုမျိုးပတ်သက်နေတာလဲ...ဖက်စွတ်ထာမိသားစုရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကြားက မြင်မြင်ချင်းချစ်ကြိုက်မိခဲ့ကြတဲ့ ချိုင်းရထက်ရဲ့အကိုမင်းသားကိရစ် နဲ့ နွန်နွမ်ကဲဝိုတို့ အချစ်ရေးကရော သာယာဖြောင့်ဖြူးနိုင်ပါ့မလား...ဆန်းကြယ်လျှို့ဝှက်လွန်းတဲ့ဖြစ်ရပ်တွေကြား အဖြေမှန်ကိုရှာဖွေရင်း နွန်နမ်ကဲဝိုတယောက် ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။