
လိပ်ပြာမာယာ
ချောင်းဟာလုပ်ငန်းစုဥက္ကဌရဲ့အတွင်းရေးမှူးဖြစ်တဲ့ ဆောယူဂျောင်းဟာ ခင်ပွန်းဖြစ်သူဆုံးပါးပြီး မီဆို ဆိုတဲ့ သမီးလေးကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ပါတယ်။ ယူဂျောင်းက မိမိကို အပျိုလို့သိထားပြီး ချစ်ခွင့်ပန်လာတဲ့ အမှုစစ်ဂျူဘွန်းဆော့ကို အမှန်အတိုင်းပြောပြီး ငြင်းဆိုဖို့လုပ်ခဲ့ပေမယ့် တစ်နေ့မှာတော့ သမီးဖြစ်သူ မီဆိုလေးက မီးလောင်မှုထဲမှာ သေဆုံးခဲ့ပြီး အမှုစစ်ဂျူဘွန်းဆော့နဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီကိစ္စကြီးတစ်ခုလုံးရဲ့ နောက်ကွယ်မှာတော့ ချောင်းဟာလုပ်ငန်းစုနဲ့ မိမိသားကို ကာကွယ်ဖို့အတွက် ယူဂျောင်းကို အသုံးချခဲ့တဲ့ ဥက္ကဌမာဟွန်းဒေါ့ရှိနေခဲ့ပါတယ်။ ၈နှစ်ကြာတဲ့အချိန်မှာတော့ ယူဂျောင်းလည်း ချောင်းဟာလုပ်ငန်းစုမှာ ရာထူးတစ်နေရာရခဲ့ပြီး မိမိရဲ့သမီးဖြစ်သူ မီဆိုလေး မသေဘဲ အသက်ရှင်နေတာကို သိရှိခဲ့ပြီး ကိုရီးယားတစ်နိုင်ငံလုံးက မိဘမဲ့ဂေဟာတွေကို လိုက်ပတ်ရှာခဲ့ပါတော့တယ်။ နီးနီးလေးနဲ့ ဝေးဆိုတဲ့အတိုင်း မီဆိုလေးက ချောင်းဟာလုပ်ငန်းစုက ထောက်ပံ့ပေးနေတဲ့ မိဘမဲ့ဂေဟာမှာ ရှိနေတယ်ဆိုတာကို သိရှိခဲ့ပြီး မီဆိုလေးကို ရှာဖွေမွေးစားဖို့ ကြံစည်ပါတော့တယ်။ ဆောယူဂျောင်းနဲ့ ဂျောင်းဟယ်ဆူ သားအမိ နှစ်ယောက်က သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့တဲ့ သူတွေကို ဘယ်လိုအကွက်ချလက်စားချေသွားမလဲဆိုတာကို တစ်ပိုင်းပြီး တစ်ပိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတွဲဖြစ်ပါသည်။