Mountains
သံယောဇဉ်ပန်းတစ်ပွင့်

၀င်း၀င်းဆောက်လုပ်ရေးကုမ္ပဏီတွင် စာရင်းကိုင်အလုပ်ကိုလုပ်ကိုင်ရင်း ရောဂါသည်မိခင်ကိုစောင့်ရှောက်နေသော ရို့စနာသည်ကိုဗစ်ကာလအတွင်း ကုမ္ပဏီဒေဝါလီခံရလုနီးပါးအချိန်တွင် ကုမ္ပဏီ၏၀န်ထမ်းလျှော့ချရေးထဲတွင် ပါ၀င်သွားခဲ့သည်...အလုပ်ပြုတ်လုနီးပါးအခြေအနေတွင်မိခင်ဖြစ်သူ၏အရေးပေါ်ခွဲစိတ်ကုသမှုကြောင့် ကုမ္ပဏီပိုင်ရှင်ထာ၀င်းထံတွင် သန်းနှင့်ချီအကြွေးတင်နေခဲ့သည်...တဖက်တွင်ထာ၀င်း၏ဇနီးဖြစ်သူသည်ကွဲကွာနေသောဖခင်ထံမှအမွေလက်ခံရန်ဖူးခက်သို့သွားခါနီးတွင်ယာဉ်တိုက်မှုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရာ ဇနီးဖြစ်သူနှင့်ရုပ်ရည် ပုံပန်းသွင်ပြင်ဆင်တူသော ရို့စနာကိုဇနီးဖြစ်သူအယောင်ဆောင်ကာဖူးခက်တွင်အမွေသွားယူရန်ရို့စနာအားအကြွေးကိစ္စနှင့်အကြပ်ကိုင်ကာခေါ်ဆောင်သွားခဲ့သည်...နာမကျန်းဖြစ်နေတဲ့မိခင်တစ်ယောက်ကိုပြုစုစောင့်ရှောက်နေရတဲ့သမီးတစ်ယောက်အနေနဲ့မိသားစုအရေးကိုပဲရှေ့တန်းတင်ပြီးဦးဆောင်နေရတဲ့အခါ ရှိခဲ့ဖူးတဲ့ကျေးဇူးတရားတွေကြောင့်ဘာကိုမှမငြင်းဆန်နိုင်ဘဲတခြားသူတစ်‌ယောက်အဖြစ်အယောင်ဆောင်ပေးရမယ့်အလုပ်ကိုလက်ခံလိုက်မိလိုက်တဲ့အခါမှာတော့...