
နဂါးမင်းရဲ့အချစ်သစ္စာ
နဂါးဘုရင်ဖြစ်ချင်သည့်ညီအနေချာ့သည် အစ်ကိုဖြစ်သူ အနတ္တချိုင်ကိုမနာလိုကာအစ်ကို၏ချစ်သူကိုလုယူရန် မသမာသည့်နည်းကိုသုံးတော့သည်။အနတ္တချိုင်ကိုတစ်ဖတ်သက်သဘောကျနေသည့်နဂါးအ ခြွေအရံခေါင်းဆောင် ဆိုဝနီနှင့်ပေါင်းကြံကာ အစ်ကိုအဖြစ်ဟန်ဆောင်ရင်း အစ်ကို၏ချစ်သူ အနန်ချလီကိုအထင်လွဲအောင်လုပ်သည်။ထို့ပြင်အနတ္တချိုင်ကိုတစ်ဖက်လှည့်ဖြင့်အချုပ်ထဲဖမ်းထည့်ကာအနတ္တချိုင်အနေဖြင့် အနန်ချလီကိုပွဲတော်သို့ အတင်းတက်ရောက်ခိုင်းပြီးနဂါးဘုရင်ဖြစ်ရန်ကြံစည်သည်။အဖြစ်မှန်ကိုမသိဘဲစိတ်နာသွားသည့်အနန်ချလီကနဂါးမယ်အကကိုကပြီး အနတ္တချိုင်အား ဘဝဆက်တိုင်းမချစ်မိစေရန်ကိုယ့်ကိုယ်ကိုယ်ကျိန်စာတိုက်ကာ သတ်သေသွားခဲ့သည်။အနတ္တချိုင်သည်အချုပ်ခန်းထဲကလွတ်မြောက်နိုင်ခဲ့သော်လည်း အနန်ချလီကိုမကယ်နိုင်ခဲ့ပေ၊အနန်ချလီကတော့ကျိန်စာကြောင့် အနတ္တချိုင်ကမည်မျှပင်ကြိုးစားပါစေလှည့်မကြည့်ခဲ့ပေ... နှစ်တစ်ထောင်ကျော်ကြာပြီးနောက်တွင်အနန်ချလီသည်အေချီယာအဖြစ် ပြန်လည်မွေးဖွားလာပြီးအတိတ်ဘ၀ကနေခဲ့သော ဖနုန်နဂါးကျေးရွာသို့ သူငယ်ချင်းဖြစ်သူ ရမ် အသတ်ခံရသည့်မြွေအရေခွံနှင့်ကလေးများ၏အမှုဖြင့်ရောက်လာခဲ့သည်။အေကိုစောင့်နေသည့် အနတ္တချိုင်နှင့်လည်းပြန်တွေ့ခဲ့သည်။အေသည်အနတ္တချိုင်ကိုစိတ်မဝင်စားသော်လည်းကြုံလာရသည့်ဘေးအန္တရာယ်များကြားမှအကြိမ်ကြိမ်လာရောက်ကယ်တင်ပေးခဲ့သည်ကိုနားမလည်နိုင်ဖြစ်နေခဲ့သည်။အနေချော့သည်သူ၏နဂါးအမြူတွေကိုအနန်ချလီ၏ကိုယ်ထဲတွင်သိမ်းထားသောကြောင့် အေရွာသို့ရောက်လာချိန် အေဆီကနဂါးအမြူတေကိုပြန်ယူရန်နည်းမျိုးစုံဖြင့်ကြိုးစားတော့သည်...