
ခင်ပျိုမဒီ (SEASON 5)
အမျိုးသမီးများအတွက်တင်ဆက်ထားတဲ့ တစ်ခုတည်းသောအစီအစဉ်လေးဖြစ်ပြီး အမျိုးသမီးလေးတွေရဲ့ လိုအပ်ချက်တွေကို နားလည်မှုတွေ ၊ နွေးထွေးမှုတွေနဲ့အတူ ခွန်အားတွေကိုပါ ပေးသွားမယ့်အစီစဉ်လေး တစ်ခုပါ။ ပျိုမေတို့အကြိုက် ဖက်ရှင်၊ အလှအပ၊ အချက်အပြုတ်နဲ့ အပင်စိုက်ပျိုးတာကို ချစ်မြတ်နိုးသူလေးတွေအတွက် သစ်ပင်ပန်းပင်တွေအကြောင်း ၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်တဲ့ အားကစားအစီစဉ်တွေအပြင် လက်မှုအနုပညာ၊ မေမေနဲ့ ဘေဘီလေးတွေအတွက် အကြံပေးချက်တွေ၊ လူမှုဆက်ဆံရေးစကားဝိုင်း၊ နာမည်ကြီးဧည့်သည်တော် အနုပညာရှင်တွေနဲ့ တခြားသောကဏ္ဍတွေကို စုံစုံလင်လင် တင်ဆက်ပေးသွားမှာပါ။