
နှင်းဆီအိမ်
ဆုန်းဂျီနာဆိုတဲ့မိန်းကလေးဟာမိသားစုတွေရဲ့အဝေးကိုထွက်သွားပြီးဘူဆန်မြို့မှာဟိုတယ်ဝန်ထမ်းအဖြစ်လုပ်ကိုင်နေလျက်ရှိပါတယ်...ဒီလိုနဲ့တစ်နေ့မှာတော့သူမဆီကိုဖခင်ဆီကနေဖုန်းဝင်လာပါတယ်...သမီးကြီးဂျီယောင်းနဲ့ရက်အတော်ကြာအဆက်အသွယ်မရကြောင်းစိတ်ပူကြောင်းနဲ့အစ်မရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာကိုသွားကြည့်ဖို့ဂျီနာ့ကိုပြောခဲ့ပါတယ်...လုပ်ငန်းခွင်ထဲမှာလည်းစိတ်ရှုပ်စရာတစ်ပုံတစ်ပင်နဲ့ပြည့်နေတဲ့ဂျီနာဟာမတတ်သာတဲ့အဆုံးအလုပ်ကနေခွင့်ယူပြီးအစ်မဖြစ်သူကိုရှာဖို့ဆိုးလ်မြို့ကိုတက်လာခဲ့ပါတော့တယ်...ငယ်စဉ်ကတည်းကမိသားစုကပေးတဲ့စိတ်ဒဏ်ရာတွေကြောင့်ဒီတစ်သက်အိမ်ပြန်မလာတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ဂျီနာဟာသူမအမုန်းဆုံးအိမ်ကိုရောက်ရောက်ချင်းသွေးပျက်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်... ဇာတ်လမ်းဇာတ်အိမ်များစွာကိုအကွက်ကျကျမွှေနှောက်ထားပြီးသည်းထိပ်ရင်ဖိုဇာတ်ကားဆန်ဆန်ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ဇာတ်လမ်းနဲ့လျှို့ဝှက်ချက်တွေကိုစိတ်ဝင်စားဖွယ်ပုံဖော်ထားပြီးရင်တဖိုဖိုကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်...
