Mountains
အချစ်ငှက်ငယ်လေး

ကောင့်နှင့်ကွတ်ကိုင်မှာအလွန်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်သည်။ကောင့်၏ညီလေးဒေါင်အိုသည်ကွတ်ကိုင်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့သည်။သို့သော်အငယ်များကိုမကြိုက်သည့်ကွတ်ကိုင်၏သဘောထားကြောင့်စောင့်ဆိုင်းရန်သာတတ်နိုင်တော့သည်။ကောင့်မှာလည်းကွတ်ကိုင်ညီမခိုင်ဝမ်နှင့်မမျှော်လင့်ဘဲဆုံလာရင်းချစ်မိသွားလေသည်။ထိုအချိန်ကခိုင်ဝမ်မှာ ၁၀ နှစ်သာရှိသေးသည့်ကလေးမလေးဖြစ်သည်။ကောင့်အတွက်ချစ်ရသည့်ခိုင်ဝမ်သည်အသက်မပြည့်သေးသည့်အတွက်အသက်ပြည့်သည်အထိစောင့်နေခဲ့သည်။၈ နှစ်ကြာစောင့်ဆိုင်းခဲ့ပြီးနောက် ဒေါင်အိုသည်ကွတ်ကိုင်နှင့်ပြန်တွေ့ခဲ့သည်။ကွတ်ကိုင်အမေရိကမှပြန်ရောက်မည်ကိုကြိုသိနေသည့် ဒေါင်အိုကကွတ်ကိုင်နှင့်တွေ့ရန်နည်းလမ်းရှာသည်။ကွတ်ကိုင်မှာဒေါင်အိုကကောင့်ညီလေးမှန်းမမှတ်မိပေ။ တစ်ဖက်မှာလည်းကောင့်မှာဘဝတစ်လျှောက်လုံးစောင့်လာခဲ့သည့်ခိုင်ဝမ်ကအရွယ်ရောက်ပြီဖြစ်သောကြောင့် သူ၏အရှုပ်များကိုကြိုတင်ရှင်းခဲ့သော်လည်း ကောင့်၏ကောင်မလေးဖြစ်သူ ဝိုင်ကလက်မခံကာကွတ်ကိုင်၏ ပါတီအထိလိုက်ပြီးအတူရှိနေပေးရန် ကောင့်ကိုတောင်းဆိုခဲ့သည်...အသက်ငယ်ငယ်ရင်ခုန်တက်စအရွယ်တုန်းထဲကမြင်မြင်ချင်းချစ်ခဲ့ရတဲ့အချစ်ကအရွယ်တစ်ခု‌ရောက်တဲ့အထိတကယ်ခိုင်မြဲပါ့မလား၊နောက်ဆုံးမှာအချစ်စစ်တို့အောင်နိုင်မြဲဆိုသည့်အတိုင်းစစ်မှန်သည့်ချစ်ခြင်းဖြင့်ချစ်ခဲ့ကြသူတိုင်းအချစ်ဦးကိုပိုင်ဆိုင်ရမလားဆိုတာကိုဒီဇာတ်လမ်းတွဲမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်...