Mountains
ပန်းတို့၏အလှတရား

မိန်းကလေးများကြားရေပန်းစားနာမည်ကြီးသူ ဘွန်ယားအုပ်စု၏ CEO ဖုံဓနိုင်သည်မိန်းမပွေရှုပ်သူ၊အိမ်ထောင်ရေးဖောက်ပြန်သူတစ်ဦးဖြစ်သည်...ဖုံဓနိုင်နှင့်သူ့မိခင်တို့မှာဘွန်ယားအုပ်စုကိုအပိုင်ဖြစ်ရန်ကြိုးစားနေသူများလည်းဖြစ်သည်...ဖုံဓနိုင်၏မန်နေဂျာလည်းဖြစ်၊သူနှင့်ဖောက်ပြန်နေသူလည်းဖြစ်သည့် ကလီယာဝိုကေ့မှာ ဖုံဓနိုင်၏အကြံအစည်များကိုအကောင်အထည်ဖော်ပေးနေသူဖြစ်သည်...ဖုံဓနိုင်သည်ဇနီးဖြစ်သူ ထင်စမွန်နှင့်ကွာရှင်း‌ချင်နေပြီး ယင်းကိစ္စအတွက် ဖအေတူမအေကွဲ ညီ ဘွန်ဖရေ့ကထင်စမွန်ဘက်ကရှေ့နေအဖြစ်တာဝန်ယူထားသည်...တစ်ဖက်မှာလည်းကေ့မှာဖုံ၏အစီအစ‌ဉ်ဖြင့်ဘွန်ယားအုပ်စုကိုအပိုင်သိမ်းရန်ခင်ပွန်းဟောင်းဖြစ်သူနှင့်ပူးပေါင်းကာ ရှယ်ယာများဝယ်နေခဲ့သည်။ ချစ်စမိုင်မှာဘွန်ယားအုပ်စုပိုင်ကုမ္ပဏီသို့အလုပ်လာလျှောက်သည့် ကျောင်းမပြီးသေးသည့်ရှေ့နေမလေးဖြစ်သည်...အထက်လူကြီး၏အနိုင်ကျင့်မှုမှထွက်ပြေးလွတ်မြောက်လာပြီးတရားစွဲလိုသော်လည်းသက်သေမရှိသဖြင့်ဆိုရှယ်မီဒီယာတွင်သတင်းတင်ကာထိုသူ၏မိန်းမဖြစ်သူအားတိုင်ကြားခဲ့သည်...မိန်းကလေးများအားအနိုင်ကျင့်သောသူထံမှတရားမျှတမှုပြန်လည်ရရှိရန်ကြိုးပမ်းရင်းထိုသူအားပထုတ်ချင်နေသည့်ကေ့နှင့်သိကျွမ်းကာကေ့၏အကူအညီဖြင့်အလုပ်ထုတ်နိုင်ခဲ့သည်...ထင်စမွန်ကိုကွာရှင်းခွင့်ပေးရန်နှင့်ကုမ္ပဏီရင်းနှီးမြှပ်နှံမည့်ကိစ္စတစ်ခုအလဲအလှယ်ပြုရင်းဘွန်‌ဖရေ့ဘွန်ယားအုပ်စုတွင်အလုပ်လုပ်ရန်ဖြစ်လာသည်...ကေ့ကချစ်စမိုင်အားဘွန်ဖရေ့ကိုထောက်လှမ်းခိုင်းထားသည်ကို ဘွန်ဖရေ့သိသွားပြီး နှစ်ဘက်သူလျှိုလုပ်ခိုင်းကာ ချစ်စမိုင်အားလက်‌ထောက်အဖြစ်တာဝန်ပေးလိုက်သည်...ဆိုးသွမ်းခဲ့တဲ့အမှားတွေကိုသိပြီးပြင်ဆင်ခဲ့သူရယ် ပြင်ဆင်ခွင့်ပြုခဲ့သူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းကိုဤဇာတ်လမ်းတွဲမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါသည်။