ပြည်နှင်ဒဏ်မှတရားဝင်လွတ်ငြိမ်းချမ်းသာခွင့်ရပြီးထိုင်းနိုင်ငံကိုပြန်ခွင့်အမိန့်ကျလာခဲ့သည့်ဒုတိယဗိုလ်မှူးကြီးနိုင်ဖွန်...သမီးလေးချုံဖူးနှင့်အတူနိုင်ငံသို့ဦးစွာပြန်လာရင်းလမ်းတွင်ယောက်ဖဖြစ်သူဖိထက်၏လုပ်ကြံသတ်ဖြတ်ခံရပြီးသေဆုံးခဲ့သည်။မသေခင်သူငယ်ချင်း၏အမိန့်ဖြင့်လာကူညီသည့်ခေါင်ဖိုင်ရွာလူကြီးဘွန်ထောထံသို့သမီးလေးချုံဖူးကိုအပ်ကာ စရာယုထက်ဖိချိုင်၏တကယ့်အမွေခံဖြစ်ကြောင်းသက်သေဆေးမင်ကြောင်နှင့်နောင် ၁၇ နှစ်ကြာမှချုံဖူးကို စရာယုထက်ဖိချိုင်အိမ်သို့ခေါ်သွားပေးရန်မှာကြားခဲ့သည်။သူကြီးဘွန်ထောသည်ချုံဖူးကိုရွာသို့ခေါ်လာကာမွေးစားခဲ့သည်။တစ်ဖက်မှာလည်းနိုင်ဖွန်၏မွေးစားသားထေဝရာ့မှာဖိထက်နှင့်ကျန်ခဲ့သည့်အတွက်နိုင်ဖွန်သေဆုံးပြီးနောက်တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်လာသည်။ထေ့ဝရာမှာဦးလေးဖိထက်၏အုပ်ထိန်းမှုအောက်တွင်ကြီးပြင်းလာပြီးဖိထက်၏သွန်သင်မှုကြောင့် မောက်မာပြီးဆိုးသွမ်းသောသူဌေးသားတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့သည်...အချင်းချင်းအမုန်းတရားတွေနဲ့စပြီးသိလာကြပေမယ့် တဖြည်းဖြည်းချင်းချိုမြိန်တဲ့အချစ်ထံသို့ကူးပြောင်းလာပုံကို ခံစားကြည့်ရှုရမှာဖြစ်ပါသည်။