Mountains
သူငယ်ချင်းဆိုတာ

ဂွန်ချော ၊ ဂျယ်ဟွန်း ၊ ‌‌‌ယောင်းဝူ ၊ ချွန်းဘို့ ၊ မန်ရှစ်တို့သူငယ်ချင်း ၅ ‌‌ယာက်က တက္ကသိုလ် ဖီးနစ်ဂီတပြဇာတ်အဖွဲ့၀င်များအဖြစ် ခင်မင်ရင်းနှီးလာကြပြီး နှစ်ပေါင်း ၂၀ တိုင်ခိုင် မြဲတဲ့သူငယ်ချင်းသံ‌ယောဇဉ် ကိုတည်ဆောက်ထားကြသူများဖြစ်သည်။ဂွန်ချောကတော့အောင်မြင်နေတဲ့ ဟိုက်ဖိုက်ကြက်ကြော်ရဲ့ မန်နေဂျာချုပ်ဖြစ်ပြီး ဇနီးဖြစ်သူစိတ်ကျန်းမာရေးအထူးကုဆရာ၀န် နမ်ဂျောင်ဟယ်နှင့်အတူ ယူဘင်ဆိုတဲ့ သားလေးတစ်ဦးကိုပိုင်ဆိုင်ထားပြီးအများကအားကျရတဲ့သာယာပျော်ရွှင်တဲ့မိသားစုကိုထူထောင်ထားပါသည်။ဂျယ်ဟွန်းကတော့ ဆီးလမ်းကြောင်းအထူးကုဆရာ၀န်ဖြစ်ပြီး ကွာရှင်းထားတဲ့အမျိုးသားဖြစ်ပါသည်။‌ ယောင်းဝူ ကတော့လူကြီးကားဒါရိုက်တာ ၊ မိမိကိုသည်းသည်းလှုပ်ချစ်တဲ့ လူကြီးကားသရုပ်ဆောင်ဟောင်း ၊ ဘားပိုင်ရှင်ဂ‌ယောင်းဂျာရဲ့ အသက်ငယ်တဲ့ခင်ပွန်းလည်းဖြစ်ပါသည်။ချွန်းဘို့ကတော့အစိုးရ၀န်ထမ်းဖြစ်ပြီး ငွေကြေးအခက်အခဲနှင့်ရင်ဆိုင်နေရသူဖြစ်ပြီး စိတ်ကျရောဂါကို တိတ်တဆိတ်ခံစားနေရသူဖြစ်ပါသည်။အနှစ် ၂၀ ကျော်တိုင်ခင်မင်လာခဲ့တဲ့သူငယ်ချင်း ၅ ဦးတစ်နေ့တွင်ရုတ်တရက် မန်ရှစ်တစ်‌ယောက်နှလုံးအမောဖောက်ပြီးသေဆုံးသွားခဲ့တယ်...မန်ရှစ် စျာပနပွဲတွင် လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းကပျောက်ဆုံးသွားခဲ့တဲ့ အားလုံးရဲ့ငယ်ချစ်ဦးဖြစ်သူ ဟယ်ဆုပြန်ပေါ်လာခဲ့သည်။ ဤဇာတ်လမ်းကသက်လတ်ပိုင်း အမျိုးသားတို့ရဲ့စိတ်နေသ‌ဘောထား ၊ ခံစားချက် ၊ ခံယူချက် ၊ ကြိုးစားရုန်းကန်မှု စသည့်ဖြင့်ကို တစ်စိတ်တစ်ပိုင်းထင်သာမြင်သာရှိအောင် ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပါသည်။သမာရိုးကျဇာတ်လမ်းမျိုးမှသွေဖယ်ပြီး ပဟေဌိလျို့၀ှက်ချက်ပေါင်းများစွာဖြင့် အဆုံးသတ်ကိုမှန်းဆရခက်အောင် ဖန်းတီးရိုက်ကူးတင်ဆက်ထားသည့်ဇာတ်အိမ်ခိုင်သည့်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။