Mountains
ချစ်ရတဲ့သူမ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့် ၃၇ နှစ်အရွယ် ပတ်ဆိုသည့် အမျိုးသမီးဟာ Top Shopping ကုမ္ပဏီအတွက် အားထားရသည့် ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အလုပ်ကိုအလွန်ဦးစားပေးသူတစ်ယောက်ဖြစ်သည်။ ပတ်တွင် နာမည်ကျော်ကြားသော Documentary ဓာတ်ပုံဆရာချစ်သူတစ်ယောက်ရှိပြီး လက်ထပ်ရန်အထိပါ ရည်ရွယ်ထားသူဖြစ်သည်။ နွန်နှင့်ပတ်တို့ မင်္ဂလာဆောင်ကျင်းပမည့်နေ့တွင် နွန်တစ်ယောက်ရောက်မလာဘဲ နိုင်ငံခြားသို့ထွက်ခွာသွားခဲ့သည်... ပတ်သည် နွန် ထားခဲ့သည့်အချိန်မှစ၍ အချစ်ကိုစိတ်ကုန်ကာ တစ်ကိုယ်တည်း ၆နှစ်ကြာနေထိုင်လာခဲ့သည်။ ထန်ဆိုသောကောင်လေးက အသက်ရန်ရှာခံနေရသော ပတ်အား အရှက်ရမည့်အဖြစ်မှကာကွယ်ပေးရင်း အနီးကပ်သက်တော်စောင့်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ပတ်တစ်ယောက် ထန်နှင့်အတူ အလုပ်အတူတူတွဲလုပ်ရင်း မထင်မှတ်သော အမှတ်တရများစွာဖြစ်ပေါ်လာပြီး နှစ်ဦးကြားဆက်ဆံရေးကား ပိုမိုခိုင်မာလာခဲ့သည်။