
နှစ်ဦးသားရဲ့ဘဝ
အဆောက်အဦပြိုကျမှုတစ်ခုမှာ ခက်ခက်ခဲခဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လီဂန်ဒူနဲ့ ဟာမွန်းဆူတို့ဟာ ထိုဖြစ်ရပ်အပြီး ၁၂နှစ်ကြာပြီးနောက်မှာတော့ ကံအားလျော်စွာပြန်လည်တွေ့ဆုံခဲ့ပါတယ်...ထိုမတော်တဆဖြစ်ရပ်ကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဂန်ဒူဟာ မိမိဘဝကို ဖြစ်ချင်ရာဖြစ် ရွက်လွှင့်နေခဲ့ပြီး တစ်ဦးတည်းသော ညီမဖြစ်သူအတွက် ပိုက်ဆံကို ကျားကုတ်ကျားခဲ ဖိရှာနေခဲ့ပါတယ်... မွန်းဆူကတော့ မတော်တဆဖြစ်ရပ်မှာ မိမိကြောင့် ညီမလေးသေဆုံးရတာဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တဲ့စိတ်နဲ့ မိမိဘဝကို မွန်းကျပ်စွာဖြတ်သန်းနေခဲ့ရပါတယ်...ကိုယ်စီဒဏ်ရာတွေများစွာကို ပိုက်ထွေးထားတဲ့ သူတို့နှစ်ယောက်ကြားက နင့်နင့်သည်းသည်း အချစ်တွေ ပေါက်ဖွားလာပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...