Mountains
ပဉ္စလက်ဆန်သော ငွေစုစာအုပ်

ဖိရိယသည်နာမည်ကြီးဆိုရှယ်မီဒီယာ influencer တစ်ဦးဖြစ်ပြီးဘဝကိုပျော်ပျော်ပါးပါးပေါ့ပေါ့တန်တန်နေထိုင်သူလည်းဖြစ်သည်... influencer ဖြစ်သည့်အတွက်ဆိုရှယ်တွင်လူအထင်ကြီးခံရရေးပိုက်ဆံကိုအဆင်အခြင်မဲ့သုံးဖြုန်းပြီးအကြွေးပတ်လည်ဝိုင်းနေခဲ့သည်...တစ်နေ့အကြွေးရှင်ကဖစ်၏ကွန်ဒိုအထိလိုက်လာပြီးအကြွေးဆပ်ရန် အချိန် ၃ရက်ပေးပြီးမဆပ်နိုင်ပါကပစ္စည်းများသိမ်းမည်ဟုခြိမ်းခြောက်သဖြင့်ဖစ်တစ်ယောက်အခက်‌တွေ့ခဲ့သည် ထို့ကြောင့်ဖစ်သည်ဘိုးဘွားပိုင်မိသားစုအိမ်ကိုရောင်းရန်အကြံဖြစ်လာကာအိမ်သို့သွားကြည့်ရင်းမှအဘိုးလက်ထပ်ကသူ့အတွက်စုပေးခဲ့သည့်ငွေစုစာအုပ်ကိုသွားတွေ့ခဲ့သည်...မယုံကြည်နိုင်ဖွယ်ထူးဆန်းသည့်ဖြစ်ရပ်၊အတိတ်နှင့်အနာဂတ် အချိန်ခရီးသွားခြင်း၊အချိန်နောက်ပြန်ရောက်ရှိပြီးချစ်မိသွားသည့်အဖြစ်အပျက်တို့ကိုဤဇာတ်လမ်းတွဲမှာစိတ်ဝင်စားဖွယ်ခံစားကြည့်ရှုနိုင်မှာဖြစ်ပါသည်။