Want A Taste?
လိုချင်သောအရသာ
2021
လီဂျင်းဆန်းဟာ သူ့ရဲ့သူငယ်ချင်း ဂန်းချောဂျင်းရဲ့အစ်မဖြစ်တဲ့အပြင် ဘဏ်ဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ ဂန်းဟယ်ဂျင်းကို သူ့အသက် (၁၇)နှစ်အရွယ်ကတည်းက အရူးအမူးစွဲလမ်းနှစ်သက်မိရာကနေ နှစ်ဖက်မိဘတွေ သဘောမတူညီတဲ့ကြားက လက်ထပ်ယူခဲ့ပါတယ်။ လက်ထပ်အပြီးမှာတော့ လီယူရီဆိုတဲ့သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ဂန်းဟယ်ဂျင်းဟာ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ သူမယောက္ခမကြီးရဲ့ စားသောက်ဆိုင်ကိုလွှဲပြောင်းယူခဲ့ပြီး သူမထက် အသက်ခြောက်နှစ် ငယ်ရွယ်တဲ့ ခင်ပွန်းဖြစ်သူ လီဂျင်းဆန်း တက္ကသိုလ်တက်ရောက်နိုင်ဖို့အတွက် အဘက်ဘက်ကနေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့တစ်နေ့မှာတော့ လီဂျင်းဆန်းဟာ သူဌေးသမီးလေးဂျောင်းဂျူရီနဲ့တွေ့ဆုံကြုံကြိုက်ပြီး အိမ်ထောင်ရေးဖောက်ပြန်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ခင်ပွန်းဖြစ်သူရဲ့ခြေလှမ်းပျက်မှုတွေကို ရိပ်စားမိတဲ့ ဂန်းဟယ်ဂျင်းဟာ မကွာရှင်းပေးချင်ခဲ့ပါဘူး။ ဒီလိုအချိန်မှာပဲ ဒရာမာဇာတ်ညွှန်းရေးဆရာ အိုဒယ်ဂူနဲ့ ဂန်းဟယ်ဂျင်းတို့နှစ်ယောက်ဟာ အငြင်းပွားစရာကိစ္စရပ်လေးတစ်ခုကိုအကြောင်းပြုပြီး တွေ့ကြုံဆုံစည်းလာခဲ့ပါတယ်။
CONTENT_SEE_MORE
Loading...
ERROR_NO_DATA
Copyright @ 2018 Pyone Play v1.0.40