Cheerful Norah
ပျော်ရွှင်စေတဲ့သံစဉ်လေး
2022
အီစန်ဖျော်ဖြေရေးတီးဝိုင်းပိုင်ရှင် ဆရာ၀တ်၏သမီးဖြစ်သူတီးဝိုင်း၏ပင်တိုင်အဆိုတော် ဝိဖားသည်ဖခင်၏တီးဝိုင်းမှတူရိယာသမားခေ့မ်နှင့်မေတ္တာမျှရာမှကိုယ်၀န်ရှိလာခဲ့သည်...ဖခင်ဖြစ်သူကစိယစုမ်ပေါင်နှင့်လက်ထပ်ရန်သဘောတူလိုက်ထားသည့်အတွက် ဝိဖားနှင့်ခေ့မ်တို့ခိုးပြေးရန်အကြောင်းဖန်လာခဲ့သည်...သူတို့နှစ်ဦးထွက်ပြေးရာဖခင်သိသွားပြီးရုန်းရင်းဆန်ခတ်ဖြစ်ကာခေ့မ်သည်စိယစုမ်ပေါင်ထံမှသေနတ်လုရင်းမတော်တဆဆရာဖြစ်သူကိုသေနတ်မှန်ခဲ့သည်...မိမိသဘောမတူသူနှင့်ခိုးရာလိုက်ပြေးသည့်သမီးဖြစ်သူအားသေခန်းပြတ် အဆက်အသွယ်ဖြတ်ကာနေရပ်ပါပြောင်းရွှေ့ရင်းဇာတ်မြှုပ်နေထိုင်ခဲ့သည်... တစ်နေ့ဝိဖားမျက်စိအမြင်အာရုံအားနည်းကာတဖြည်းဖြည်းနှင့်လုံးလုံးမမြင်နိုင်လောက်သည်အထိဖြစ်သွားနိုင်ကြောင်းသမီးဖြစ်သူ တုလျာ သိရှိသွားသည့်အခါ မိခင်အားစိတ်ချမ်းသာစေရန် မိခင်၏မိဘများကိုလိုက်လံရှာဖွေပြီး စိတ်ပြေခွင့်လွှတ်ရန်တောင်းဆိုရန် အဘိုးအဘွားများကိုရှာဖွေကာ သွားရောက်ချဉ်းကပ်ခဲ့ရာအဘိုးအဘွားများမှာ စိယဆိုသူထံအကြွေးတင်နေသည်ကိုသိခဲ့ရသည်...တုလျာအနေဖြင့်အဘိုးအဘွားတို့သူမကိုချစ်ခင်လာစေရန် သူမ၏သူငယ်ချင်းဖြစ်သူ ဂျယ်နှင့်အတူနေထိုင်ခွင့်ရရန်တောင်းဆိုပြီး မယ့်စုမ်ကျစ်ဆိုင်တွင် ဈေးကူရောင်းကာအလုပ်၀င်လုပ်ခဲ့ပါသည်...တုလျာဟာဆရာ၀တ်နှင့်မယ့်စုမ်ကျစ်တို့၏မြေးအရင်းဆိုသည့်လျှို့၀ှက်ချက်ကိုဖုံးကွယ်ကာ မယ့်စုမ်ကျစ်ဆိုင်တွင် ဈေးကူရောင်းရင်းနေသော်လည်း ဆရာ၀တ်နှင့်မယ့်စုမ်ကျစ်တို့မွေးစားထားသည့်သားဖြစ်သူစိုင်ဖာမှာ တုလျာအားမသင်္ကာဖြစ်၍သူမ၏လျှို့၀ှက်ချက်ကိုသိစေရန်သူမနောက်ကိုအမြဲလိုက်နေခဲ့ပါသည်... သူမသည်ယခင်ကအွန်လိုင်းဈေးသည်ဖြစ်သည့်အတွက်မယ့်စုမ်ကျစ်ဆိုင်အတွက်ဈေးရောင်းကောင်းစေရန်နည်းလမ်းသစ်များစွာကိုအသုံးပြုကာအလုပ်ကိုကြိုးစားရင်းမထင်မှတ်ဘဲသူမတီထွင်ဆန်းသစ်လိုက်သော မြောက်ပိုင်းတူရိယာနှင့် တောင်ပိုင်းစကားကိုပေါင်းစပ်လိုက်သည့် တေးသီချင်းသည်လူကြည့်များလာပြီးနာမည်ကြီးလာခဲ့သည်...ဒီလိုဖြင့်စိယထံတင်နေသည့်အကြွေးများကိုကောကြိုးစားပြီးဆပ်ပေးနိုင်ပါ့မလား...အဘိုးအဘွားများ၏မွေးစားသားဖြစ်သူစိုင်ဖာနှင့်ကော ဘယ်လိုဆက်ဆံရေးများဖြစ်လာကြမလဲ...စိုင်ဖာ၏ရည်းစားဟောင်းဖြစ်ခဲ့ဖူးသူ ဒါးဝိုနှင့်ရောဘယ်လိုမျိုးယှဉ် ပြိုင်ပြီးဈေးကွက်ထိုးဖောက်ပြနိုင်မလဲ...စိုင်ဖာကိုတစ်ဖက်သက်သဘောကျနေသောမနားဝိုနှင့်ရောဘယ်လိုနားလည်မှုလွဲချော်မှုတွေကိုကျော်ဖြတ်ရမလဲ...သူမဖုံးကွယ်ထားသောလျှို့၀ှက်ချက်ကိုရောကြာကြာဖုံးကွယ်ထားနိုင်ပါ့မလား...သူမမျှော်လင့်သလိုအဘိုးအဘွားများနှင့်မိခင်တို့ပြန်လည်သင့်မြတ်အောင်လုပ်ဆောင်နိုင်ပါ့မလား...ဝိဖား၏ဖခင်ဖြစ်သူဆရာ၀တ်ကရောဝိဖားတို့မိသားစုကိုခွင့်လွှတ်ပေးပါ့မလား...စသည်တို့နှင့်အတူအီစန်ဒေသနှင့် ပတ်သက်သည့်အကြောင်းအရာများ အီစန်(အရှေ့မြောက်ပိုင်းဒေသ)မြောက်ပိုင်းသူနှင့်တောင်ပိုင်းသားတို့၏မတူကွဲပြားမှုများကြားမှပေါ်ပေါက်လာသောချစ်ခြင်းမေတ္တာအကြောင်း ရိုးရာဂီတများကိုပါဤဇာတ်လမ်းတွဲမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါသည်။
See More
Loading...
ကြည့်ရှု၍မရနိုင်တော့ပါ
Copyright @ 2018 Pyone Play v1.0.40