Love After Life
အချစ်နဲ့ရှင်သန်ခြင်း
2022
သွေးစုပ်ဖုတ်ကောင်ကောင်မလေးနဲ့လူသားကောင်လေး‌တို့ရဲ့အချစ်ကိုဖွဲ့ညွှန်းရိုက်ကူးထားတဲ့စိတ်ကူးယဉ်အချစ်ဇာတ်လမ်း...ဒုတိယကမ္ဘာစစ်အတောအတွင်းကန်ချနဘူရီရဲ့ရှဲန်တိုက်ကျေးရွာမှာမိခင်ဖြစ်သူကိုသွေးစုပ်ဖုတ်ကောင်အန္တရာယ်ကလွတ်မြောက်ဖို့တောင်းဆိုပြီးသူ့ကိုယ်သူသွေးစုပ်ဖုတ်ကောင်အဖြစ်ခံခဲ့တဲ့'‌ဒေါင်ဝို'...သူမရဲ့အလှကိုဗန်းပြပြီးအနီးအနားကလူတွေရဲ့သွေးကိုစုပ်ယူကာသခင်ကိုဆက်သပေးရတဲ့သူ့တာဝန်...အဖေဖြစ်သူရဲ့သေဆုံးမှုကိုစုံစမ်းဖို့အတွက်ရှဲန်တိုက်ကျေးရွာကိုခရီးထွက်လာခဲ့တဲ့'မာရွတ်'...သူတို့နှစ်ယောက်ရှဲန်တိုက်ကျေးရွာမှာဆုံမိကြပြီးအချင်းချင်းချစ်ကြိုက်မိသွားကြတဲ့အခါမှာတော့...မိမိချစ်ရသူကအဖေကိုသတ်မိခဲ့တယ်ဆိုတဲ့အဖြစ်မှန်ကိုမာရွတ်တစ်ယောက်သိသွားလေမလား...လူမသတ်ချင်ပေမဲ့လည်း တာဝန်အရအကုသိုလ်တွေပြုလုပ်နေရတဲ့ ဒေါင်ဝိုဘဝကိုကယ်တင်နိုင်ပါ့မလား...ဒေါင်ဝိုကကော လုပြန်ဖြစ်နိုင်ပါ့မလား...သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးဘယ်လိုထူးခြားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုနိုင်ပါတယ်...
See More
Loading...
ကြည့်ရှု၍မရနိုင်တော့ပါ
Copyright @ 2018 Pyone Play v1.0.40