Revenge From The Past
ချစ်ခြင်းဖြင့်သာ
2022
ဖင်းသည် စိတ်ထားအလွန်ကောင်းပြီး လောကကြီးအားအကောင်းဘက်မှသာ အမြဲတွေးမြင်သူ ဝတုတ်မလေးတစ်ယောက်ဖြစ်လေသည်။ ဖင်းတို့မိသားစုသည် ကုန်ဖင်းတရုတ်ဆေးဆိုင်ကိုဖွင့်လှစ်ထားပြီး ဖင်း၏အဘိုးဖြစ်သူ အဘိုးချုံ၊ ငယ်စဉ်ကတည်းက ဖင်းကိုစောင့်ရှောက်လာသော ကြီးဒေါ်ဝဲရို၊ ဖင်းက အစ်မတစ်ယောက်လိုသဘောထားပြီး ဖင်းနှင့်အတူကြီးပြင်းလာသော နိစာ နှင့် ဆေးပညာကိုသင်ယူနေသော ဟန်တို့အတူ နေထိုင်ကြလေသည်။ ဖင်းတွင် ငယ်စဉ်ကတည်းကပေါင်းသင်းခဲ့ပြီး သံယောဇဉ်အလွန် ကြီးကြသော ချိုဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိလေသည်။ ချိူတို့မိသားစုသည် ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီး ချိုနှင့် အဘွားမာတို့အတူနေထိုင်ကြသည်။ ဖင်းတို့မိသားစု၏ ချမ်းသာကြွယ်ဝမှုများနှင့် တရုတ်ရိုးရာရှားပါးတိုင်းရင်းဆေးများကို မတရားလိုချင်နေသော ဖေး နှင့် သူ၏မိခင်ဖြစ်သူ ဒေါ်ဂျေတို့က နိစာနှင့် ပူးပေါင်းကာ ဖေးနှင့်ဖင်းအား နီးစပ်အောင်လုပ်ပြီး လက်ထပ်ရန်စီစဉ်ခဲ့ကြလေသည်။
See More
Loading...
ကြည့်ရှု၍မရနိုင်တော့ပါ
Copyright @ 2018 Pyone Play v1.0.40