Love and Fortune
အချစ်နဲ့ကံကြမ္မာ
2022
မင်းမျိုးမင်းနွယ် အရာရှိသခင်ကြီးတစ်ဦးဖြစ်တဲ့ "ခွန်ချိုင်ဖုန့်"မှာ ဇနီးသုံးယောက်ရှိပြီး ပထမဇနီး "ခွန်ယိင်ကုလပ်" နဲ့ ဒုတိယဇနီး "မနီ" တို့ဟာ တစ်ချိန်တည်းကိုယ်ဝန်ဆောင်ခဲ့ကြတယ်...ဒါကိုကိုယ်ဝန်မဆောင်နိုင်တဲ့ ခွန်အီရင်းက မနာလိုဖြစ်ပြီး အမွေတွေမက်တဲ့စိတ်နဲ့မကောင်းကြံဖို့ ကြံစည်လာတော့တယ်...ကံကြမ္မာအပြောင်းအလဲတွေနဲ့မွေးဖွားလာရတဲ့ "ချိုင်ဖတ်" နဲ့ "ချို့" ညီအစ်ကိုနှစ်ဦးဟာ ကွဲကွာသွားကြပြီးမတူညီတဲ့ လူမှုအဆင့်အတန်းတွေနဲ့ကြီးပြင်းလာခဲ့ကြတယ်...မိဘတွေနဲ့ဝေးကွာပြီးခက်ခက်ခဲခဲကြီးပြင်းလာတဲ့ ညီဖြစ်သူ "ချို့" တစ်ယောက် ဖြစ်ရပ်မှန်ကိုသိပြီးဘအဖေအရင်းကိုလိုက်ရှာခဲ့တယ်...ဒါပေမယ့် "ချို့" ဟာအစ်ကိုဖြစ်သူနဲ့စေ့စပ်ထားတဲ့ "ဝါ့ဆီ" ကိုချစ်ကြိုက်မိသွားတဲ့အခါ...ညီအစ်ကိုနှစ်ယောက်ဘယ်လိုမျိုးအနိုင်ယူကြမလဲ...ညီအစ်ကိုအရင်းတွေဆိုတာကို ဘယ်လိုမျိုးပြန်လည်မှတ်မိကြမလဲ...အဖေဖြစ်သူနဲ့လည်းပြန်လည်စုံစည်းကြမှာလား...ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့မိသားစုအရှုပ်တော်ပုံကြီးကို ဒီဇာတ်လမ်းတွဲလေးမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်...
See More
Loading...
ကြည့်ရှု၍မရနိုင်တော့ပါ
Copyright @ 2018 Pyone Play v1.0.40