Bad Love
ခပ္ဆိုးဆိုးအခ်စ္
International Drama | 2020
အသက် ၂၉ နှစ်အရွယ် ချွဲဆိုဝန်ဟာ အထက်တန်းကျောင်းအထိပဲ ပညာသင်ကြားခဲ့ရပါတယ်။အထည်ဆိုင်တစ်ဆိုင်မှာ စာရေးအဖြစ် အလုပ်လုပ်ပြီး ပျော်ပျော်နေတတ်ကာ ရိုးသား တဲ့စရိုက်ရှိသူ ဖြစ်ပါတယ်။သူ့အိပ်မက်ကတော့ ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ပါပဲ။သူ့ရဲ့ အမြွှာညီအစ်မဖြစ်သူ အွန်ဟေးကတော့ ဆိုဝန်နဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ ။အွန်ဟေးက မိန်းမဆန်ပြီး စကားနည်းသူ ဖြစ်ပါတယ်။တက္ကသိုလ်တစ်ခုမှာ ညီအစ်မနှစ်ဦးလုံး ကျောင်းဝင်ခွင့်ရခဲ့ပေမယ့် ငွေရေးကြေးရေး အခက်အခဲကြောင့် အွန်ဟေးတစ်ဦးပဲ ကျောင်းဆက်တက်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့်ပဲ အွန်ဟေးက အခုအချိန်အထိ အပြစ်မကင်းသလို ခံစားနေရပါတယ်။ဒီဇိုင်နာတစ်ဦးဖြစ်သူ ဂျယ်ဟော့က နိုယူ Company အုပ်စုကို ဦးစီးတဲ့ ဥက္ကဌ ဟန် ရဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။ ဂျယ်ဟော့က အွန်ဟေးကို မြင်မြင်ချင်း ချစ်သွားခဲ့ပါတယ်။ သူတို့အချစ်ရေးကို ဂျယ်ဟော့ရဲ့ မိသားစုဘက်က ကန့်ကွက်ခဲ့ကြပေမယ့် ချစ်သူနှစ်ဦးကတော့ အတူနေထိုင်ခဲ့ကြပါတယ်။ဂျယ်ဟော့မှာ မင်ဟော့ ဆိုတဲ့ အဖေတူအမေကွဲ ညီတစ်ဦးရှိပါတယ်။ မင်ဟော့က ဖခင်ဖြစ်သူဆီက အသိအမှတ်ပြုခံရဖို့ စိတ်အားထက်သန်နေသူပါ။ ဒီအချိန်မှာ ယွန်ဆူက နိုယူအုပ်စုမှာ ဝန်ထမ်းအဖြစ် အလုပ်ဝင်နေပါတယ်။ ယွန်ဆူငယ်စဉ်က ဆိုဝန်တို့ မိသားစုကို မှီခိုခဲ့ရပါတယ်။ယွန်ဆူက ချမ်းသာအောင်မြင်သူ တစ်ဦး ဖြစ်ချင်ပေမယ့် အခုအချိန်ထိ နွမ်းပါးတဲ့ဘဝက မလွတ်မြောက်နိုင်သေးပါဘူး။ သူတို့ ငါးဦးရဲ့ ပတ်သက်ဆက်နွယ်မှုကို ပုံဖော် ရိုက်ကူးထားတဲ့ Drama ဇာတ်လမ်းတွဲဖြစ်ပါတယ်။
CONTENT_SEE_MORE
Loading...
ERROR_NO_DATA
Copyright @ 2018 Pyone Play v1.0.40