pyoneplay

အသားဖြူတဲ့သူများကမှဲ့ခြောက်ဖြစ်ဖို့ပိုများပါတယ်...

အသားဖြူတဲ့သူများကမှဲ့ခြောက်ဖြစ်ဖို့ပိုများပါတယ်...

မှဲ့ခြောက်ပြဿနာအဖြေရှာကြည့်မယ်ဆိုရင်တော့အမျိုးအစား(၂)မျိုးသတ်မှတ်နိုင်ပါတယ်။မျိုးရိုးလိုက်ခြင်းကြောင့်ပင်ကိုယ်အသားအရေမှာဖြစ်တဲ့မှဲ့ခြောက်နှင့် နေလောင်ဒဏ်ခံရတာများလို့ဖြစ်တဲ့မှဲ့ခြောက်ဆိုပြီးခွဲခြားနိုင်ပါတယ်။မျိုးရိုးကြောင့်ဖြစ်တဲ့မှဲ့ခြောက်ကသေးပြီးစောစောလေးပေါ်တတ်ပါတယ်။နေလောင်ဒဏ်ခံရတာများလို့ဖြစ်တဲ့မှဲ့ခြောက်ကတော့အနားသတ်မညီမညာလေးနဲ့မှုန်မှုန်မွှားမွှားလေးဖြစ်တာများပါတယ်လို့ဒေါက်တာဇော်မင်းဦးမှပြောပြပေးသွားပါတယ်။(၁၆.၅.၂၀၁၉-ရက်နေ့ မင်္ဂလာပါအစီအစဉ်)