pyoneplay

ရာသီလာစဉ်ကိုက်ခဲခြင်း

ရာသီလာစဉ်ကိုက်ခဲခြင်း

ဓမ္မတာလာတယ်ဆိုတာက သားအိမ်ထဲမှာရှိတဲ့ ဆဲလ်အသေတွေကို အပြင်ကို သွေးတွေကနေ စွန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်အသေတွေအပြင်ရောက်ဖို့အတွက် သားအိမ်က ကျုံ့ပေးရပြီး ဟော်မုန်းတစ်မျိုးကို ထုတ်ပေးရတာကြောင့် အဓိကနာကျင်တာကိုဖြစ်စေတဲ့အကြောင်းကို ဒေါက်တာမြဘုန်းမိုဦးမှပြောပြပေးသွားပါတယ်။(၁၃.၅.၂၀၁၉-Health Fix)