

Latest video from မမထိပ်နှင့်အမွေစံအိမ်
မမထိပ်နှင့်အမွေစံအိမ်
Monday to Friday7:15 PM to 8:00 PM
၂၀ ရာစုလက်ကျန် ၂၁ ရာစုရဲ့ ခေတ်သစ်အပျိုကြီး မမ၊ အပျိုကြီးတွေရဲ့ ဇီဇာကြောင်ခြင်း၊ ချေး(ဂျီး) များခြင်း၊ အလိုမကျခြင်း ဆို တဲ့ ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံနေသူကတော့ မမထိပ်(ခေါ်) ထိပ်ထား။ဘိုးဘွားပိုင် အမွေစံအိမ်ကြီးကို အလိုမတူပဲ တာဝန်ယူ ထိန်းသိမ်းရသူပေါ့၊ အမွေတွေနှင့်အတူ ပါလာသော အစ်မများ၏ တူ၊တူမ ငါး ယောက်ကိုလည်း အဆစ်ထိန်းကျောင်းရသေး၊ ယောကျာ်းလိုချင်ပေမယ့် ရ တာမလို၊ လိုတာမရ ဖြစ်နေသောကြောင့် ယခုအချိန်ထိ အပျိုကြီး ဖြစ်နေတာက သူရဲ့ စတိုင်ပဲလေ။ တစ်နည်းအားဖြင့် ချိန်ပါကြီးပေါ့။ အချစ်ကို လိုက်ရှာရင်း မောနေသူ။ တူ၊ တူမများ၏ အကျင့်အလွှဲများကြောင့် တစ်နေ့ထက်တစ်နေ့ စိတ်သောက ဖိစီးပြီး အရွယ်တင် ရုပ်ကျကာ မမထိပ် တစ်ယောက် အပျိုကြီး အရင့်အမာ ဖြစ်ပြီး အမွေစံအိမ်ကြီးနဲ့ နပန်းလုံးကာ အချိန်တွေ ကုန်ခြင်းမလှ ကုန်ခဲ့ရသည်။ မမထိပ်ရဲ့ အလွဲတွေ၊ အချစ်စိတ်တွေ၊ ဇီဇာကြောင်ပုံတွေကိုတော့ မမထိပ်နဲ့ အမွေစံအိမ်မှာ စောင့်မျှော်ရှုစားကြပါလေ။