pyoneplay

Latest video from Chic Cook

အလှပဆုံးပြင်ဆင်ခြင်း
အလှပဆုံးပြင်ဆင်ခြင်း 12:48

ပြိုင်ပွဲဝင်များက ဘယ်လိုမျိုး အလှပဆုံး ပြင်ဆင်ထားက...

ဒိုင်လူကြီးများရဲ့ သုံးသပ်ချက်များ
ဒိုင်လူကြီးများရဲ့ သုံးသပ်ချက်များ 9:15

ပြိုင်ပွဲဝင်များ ချက်ပြုတ်ထားတဲ့ ဟင်းလျာများကို ဒိ...

မိမိတို့စိတ်ကြိုက် ဟင်းသုံးမျိုးကို ချက်ပြုတ်ခြင်း
မိမိတို့စိတ်ကြိုက် ဟင်းသုံးမျိုးကို ချက်ပြုတ်ခြင်း 6:6

အရသာ အရှိဆုံး ဟင်းလျာများကို မိမိတို့ခင်ပွန်းနဲ့အတ...

ပြိုင်ပွဲဝင်အဖွဲ့များ၏ အားနည်းချက်၊အားသာချက်များကို ပြောပြပြီး အမှတ်ပေးခြင်း
ပြိုင်ပွဲဝင်အဖွဲ့များ၏ အားနည်းချက်၊အားသာချက်များကို ပြောပြပြီး အမှတ်ပေးခြင်း 7:1

ပြိုင်ပွဲအဖွဲ့နှစ်ဖွဲ့ရဲ့ဟင်းလျာများကိုဒိုင်လူကြီး...

Chic Cook

Sunday(New), Thursday(Repeat)5:30PM(New) , 11:15 AM(Repeat)

Chic Cook အစီအစဉ်ကတော့ အိမ်ရှင်မတွေပဲ အဓိကယှဉ်ပြိုင်ကြမယ့် ဟင်းချက်ပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။အိမ်ရှင်မတွေက ချစ်ရသူတွေအတွက် ချက်ပြုတ်ပြင်ဆင်ရင်း ကိုယ်ကိုတိုင် လှလှပပလေးနေဖို့မေ့နေတတ်ပါတယ်။ဒါကိုစဉ်းစားမိလို့ Chic Cook အစီအစဉ်ကို အခုလိုအကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ ပါဝင်ယှဉ်ပြိုင်ကြမယ့် အိမ်ရှင်မတွေက ဟင်းချက်ပြိုင်ရုံတင်မကပဲ ကိုယ့်ကိုကိုယ် လှလှပပနဲ့ smart ကျအောင် ဘယ်လိုပြုမူနေထိုင်ရမလဲ ...? ဒါတွေကိုပါ တခါတည်းယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။အိမ်မှာချက်ပြုတ်ပြင်ဆင်နေကြ ဟင်းလျာတွေထဲကမှ နှစ်သက်တဲ့ဟင်းအတွဲအဆက်တွေကို ကိုယ်ယူလာတဲ့ပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်ပြင်ဆင်ရမှာပါ ... အဓိကဟင်းတစ်မျိုးရယ်အရံဟင်းနှစ်မျိုးရယ်ကို ပေးထားတဲ့အချိန်အတွင်းမှာ ချက်ပြုတ်ရမှာပါ။ အလှအပပြင်ဆင်ဖို့ အချိန် မိနစ်(၃၀) အတွင်းမှာ မိတ်ကပ်ပြင်ရမယ်၊ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီး ၊ Dressing Room ထဲမှာပေးထားတဲ့ အဝတ်အစားတွေတည်းကမှ ကိုယ်နဲ့လိုက်ဖက်ပြီး ချက်ပြုတ်ရတာ သက်သောင့်သက်သာဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ပြင်ဆင်ရမှာပါ။အိမ်ရှင်မတွေပြင်ဆင်ယူလာတဲ့ ဟင်းလျာအမျိုးအမည်တွေကို ဒိုင်သူကြီးတွေပေးထားတဲ့ အချိန်အတွင်းမှာဝင်အောင် ချက်ပြုတ်ပြင်ဆင်နိုင်ပါ့မလား ..? ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ ..? စိတ်ဝင်စားစရာပဲနော်...