မိမိတို့ရဲ့ Mobile Phone နဲ့ Tablet တွေမှာ Pyone Play Application ကို အသုံးပြုပြီး MRTV-4 နဲ့ Channel 7 က မကြည့်ရှုလိုက်ရတဲ့ အစီအစဥ်ကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ထို့အပြင် MRTV-4, Channel 7 နဲ့ မဟာဗောဓိ ရုပ်သံလိုင်းတွေကို အချိန်မရွေး ၊ နေရာမရွေး တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Pyone Play ဟာ Android Application ဖြစ်တဲ့အတွက် Android Mobile Phones နဲ့ Tablet အားလုံးမှာ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

 

iOS နဲ့ သုံးနိုင်တဲ့ Application ကို မကြာခင် မိတ်ဆက်ပေးဖို့ ရှိပါတယ်။

Google Play Store က ဖြစ်စေ၊ ကျွနု်ပ်တို့ ကုမပဏီ Website က ဖြစ်စေ Pyone Play လို့ ရိုက်ထည့်ပြီး Download လုပ်နိုင်ပါတယ်။

 

Pyone Play Application ကို ဆက်သွယ်ရေး အော်ပရေတာ အားလုံးရဲ့ SIM ကတ်တွေနဲ့ အဆင်ပြေပြေသုံးနိုင်ပါတယ်။

Pyone Play ကို 3G Network နဲ့ဖြစ်ဖြစ် ၊ Wifi နဲ့ဖြစ်ဖြစ် သုံးနိုင်ပါတယ်။

Pyone Play Application ကို အခမဲ့ သုံးနိုင်ပါတယ်။ မိုဘိုင်းအင်တာနက်ဒေတာ သုံးစွဲတဲ့အတွက် ကိုတော့ သက်ဆိုင်ရာ ကုမပဏီက ကျသင့်ငွေကို ဖြတ်တောက်ယူမှာ ဖြစ်ပါတယ်။

 

Pyone Play မှာ ယူနီကုတ်ဖောင့်ကို အသုံးပြုထားပါတယ်။ အမှန်အတိုင်းမပြလှျင် ယူနီကုတ်ဖောင့်ကို download လုပ်ပြီး install လုပ်ရပါမယ်။

 

မိမိရှိနေတဲ့နေရာက 3G လိုင်း ရတဲ့နေရာ(သို့) wifi မိတဲ့ နေရာဖြစ်ရပါမယ်။ မိမိ SIM ကတ်မှာ လုံလောက်တဲ့ ဖုန်းဘေလ်ရှိဖို့လည်း လိုပါတယ်။ ဒီအချက်တွေ ပြည့်စုံပါလျက်နဲ့မှ ကြည့်လို့မရသေးလှျင် မိမိဖုန်း သို့မဟုတ် Tablet ကို restart ချကြည့်ပါ။

Pyone Play က တခြား ဗီဒီယိုကြည့်နိုင်တဲ့ Application တွေနဲ့ နှိုင်းယှဥ်မယ်ဆိုလှျင် ဒေတာသုံးတာ နည်းတဲ့အတွက် အကုန်အကျ သက်သာပါတယ်။ ၁ မိနစ် ကို 3 MB လောက်ပဲ သုံးပါတယ်။

 

အဲဒီ့အတွက် ကြိုးစားနေပါတယ်။ မကြာခင် ဒီ application သုံးပြီး ဗီဒီယိုကားတွေကို download ဆွဲနိုင်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်။

အဲဒီလုပ်ဆောင်ချက်အတွက် ကြိုးစားနေပါတယ်။
မကြာခင် ရနိုင်ပါလိမ့်မယ်။ ဒီ Application က အသုံးပြူသူရဲ့ network အပေါ် မူတည်ပြီး ဗီဒီယိုအရည်အသွေးကို ထိန်းညှိုပေးပါတယ်။ Pyone Play က တခြား ဗီဒီယို ကြည့်နိုင်တဲ့ Application တွေနဲ့ နှိုင်းယှဥ်မယ်ဆိုလှျင် ဒေတာသုံးတာ နည်းတဲ့အတွက် အကုန်အကျ သက်သာပါတယ်။